If you're seeing this message, it means we're having trouble loading external resources on our website.

သင်သည် Web Filter ကိုသုံးနေပါက ဒိုမိန်းဖြစ်သော *.kastatic.org and *.kasandbox.org တို့ကိုပိတ်ထားခြင်းမပြုလုပ်ပါနှင့်

အဓိက မာတိကာ
လက်ရှိအချိန် - 0:00စုစုပေါင်းကြာမြင့်ချိန် -4:23

ဗီဒီယိုစာသား

နံပါတ် ၆၇၅ကိုတခြားနည်းနဲ့ တင်ပြလို့ရတာကို စဉ်းစားကြည့်ရအောင် အသိသာဆုံးနည်းကတော့ မတူတဲ့တန်ဖိုးနေရာတွေကို ကြည့်ဖို့ပါ ဒီတော့ ၆က ရာကိန်းနေရာမှာပါ ၆၀၀လို့တင်ပြမှာပါ ဒီတော့ ၆၀၀ပေါ့ အဲဒါကိုအနီရောင်နဲ့သွားမှာပါ--၆၀၀ ၇ကဆယ်နေရာမှာရှိတာပါ အဲဒါက ၇တစ်ဆယ် ဒါမှမဟုတ် ၇၀ပါ ပြီးတော့ ၅က ခုနေရာမှာပါ ဒါက၅ကိုကိုယ်စားပြုပါတယ် ဒါကိုကူးပြီးပြန်ပွားပါမယ် မတူတဲ့နေရာတွေမှာ တန်ဖိုးတွေကို ဘယ်လိုပြန်အုပ်စုဖွဲ့မယ် ဒါကို နည်းအမျိုးမျိုးနဲ့ ကိုယ်စားပြုဖို့ ဒီတော့ ကူးပြီးပြန်ပွားမယ် ၃ကြိမ်လုပ်ရင်လုပ်မယ် ဒီတော့ တခါလုပ်ပါမယ် နောက်ထပ်တခါလုပ်ပါရစေ တခုလုပ်နိုင်တာက တစ်နေရာကနေ နောက်တနေရာကို ပြန်အုပ်စုဖွဲ့လို့ရပါတယ် ဥပမာ လိုချင်ရင်ယူလို့ရပါတယ် ရာကိန်းနေရာကနေ ၁ယူလို့ရပါတယ် ရာကိန်းနေရာကနေ ၁ယူတာက ၅ဖြစ်စေမှာပါ အဲဒါကို ၁၀၀ကိုယူသွားမှာပါ ဒီတော့ ဒါကိုတကယ် ၅၀၀လုပ်မှာပါ ပြီးတော့ ၁၀၀ကိုပေးနိုင်တယ်--ကောင်းပြီ ဘယ်နေရာမဆိုပေးလို့ရပါတယ် ဒါပေမဲ့ ၁၀နေရာပေးရအောင် ဒီတော့ ၁၀၀ကို ဆယ်နေရာပေးပါမယ် အခု ၁၀၀ကို ဆယ်နေရာပေးရင် အဲဒီမှာ၇၀ရှိပြီးသားဆိုတော့ ဘာနဲ့ညီမှာပါလဲ? ကောင်းပါပြီ ၁၇၀နဲ့ညီမှာပါ ကောင်းပြီ အဲဒါဆယ်ကိန်းလို့ ဘယ်လိုကိုယ်စားပြုမလဲ? ကောင်းပါပြီ ၁၇၀က ၁၇ဆယ်ကိန်းပါ ဒီတော့ ၇က၁၇ဖြစ်သွားတယ်လို့ပြောလို့ရပါတယ် အခု အဲဒါဆက်လုပ်ပါမယ် တချို့တန်ဖိုးတွေကို ပြန်အုပ်စုဖွဲ့ပါမယ် ဆယ်နေရာကနေ ခုနေရာဆီကို ဥပမာ ဆယ်နေရာကနေ ၁၀ပေးလို့ရပါတယ် ပြီးတော့ ခုနေရာပေးလိုက်ပါ အဲဒါလုပ်ရအောင် ဒီကနေ ၁၀ယူရအောင် ဒီတော့ အဲဒါ၁၆၀ဖြစ်ပါတယ် ဒါက၁၆ဖြစ်တယ် အဲဒီ၁၀ကို ခုနေရာပေးရအောင် ကောင်းပါပြီ ခုနေရာကအခုဘာဖြစ်ပြီလဲ? ၁၀အပေါင်း၅က ၁၅ပါ ဒီတော့ ဒီ၅ကအခု ၁၅ဖြစ်ပါပြီ နောက်တမျိုးလုပ်ကြည့်ရအောင် တခုခု ကြောင်တာလေးလုပ်ကြည့်ရအောင် ၂၀၀ကို ရာကိန်းနေရာကနေယူရအောင် ဒီတော့ ဒါကအခု၎ဆီသွားမှာပါ ပြီးတော့ ၄၀၀ဖြစ်မယ် ဒီ၎က အခု ကိုယ်စားပြုပါတယ် ၁၀၀ကို ဆယ်နေရာပေးရအောင် နောက်၁၀၀ကို ခုနေရာပေးရအောင် တခြားတနည်းပြောရရင် ၂၀၀ကိုပြန်အုပ်စုဖွဲ့နေတာပါ အဲဒီ၂၀၀တွေက ရာကိန်းနေရာကနေယူထားတာပါ တခြားနေရာတွေမှာ ပေးပါတော့မယ် ဒီတော့ ဆယ်နေရာက ၁၇၀ဖြစ်မယ် ဒီမှာ ၁၇၀ရှိမှာပါ အဲဒါက ၁၇ဆယ်ပါ ဒီတော့ ဆယ်နေရာကို အခု ၁၇လို့ပြောလို့ရပါပြီ အခု ခုနေရာကို ကောင်းပါပြီ ကျွန်တော့်မှာ ၅ရှိတယ် အခု အဲဒါကို၁၀၀ပေါင်းမယ် ဒီတော့ ၁၀၅ဖြစ်မယ် ၁၀၅ကတော့ တကယ်၁၀၅ပါ သတိထားပါ ၄၀၀အပေါင်း၁၇ဆယ်က ၁၇၀အပေါင်း၁၀၅ပါ ဒါတွေကိုတူတူပေါင်းပါ ၆၇၅ရမှာပါပဲ ပြန်လုပ်ကြည့်ရအောင် ဒီတော့ ယူရအောင် မသိဘူး ရာနေရာကနေအားလုံး ထုတ်လိုက်ရအောင် ရာကိန်းတွေအားလုံးယူမယ် ဒီတော့ အဲဒါသုံညကိုသွားတယ် အဲဒါသုံညသွားတယ် ၄၀၀ကို ဆယ်နေရာပေးရအောင် ဒီတော့ ၄၀၀ကို ဆယ်နေရာပေးရအောင် အဲဒါက ၄၇၀ဖြစ်မှာပါ ဒါကိုအစိမ်းရောင်နဲ့လုပ်ပါရစေ အဲဒါက ၄၇၀ကို ၄၇ဆယ်လုပ်လိုက်မှာပါ ၂၀၀ကို ခုနေရာပေးဖို့ရှိပါသေးတယ် ဒီတော့ အဲဒါလုပ်ပါရစေ ကျွန်တော့်မှာ ၂၀၀ကိုခုနေရာပေးဖို့ ရှိပါသေးတယ် ဒီတော့ အဲဒါ၅ကနေ ၂၀၅သွားမှာပါ နောက်ထပ်တခါ ကျွန်တော်လုပ်လိုက်တာက ၆၇၅တန်ဖိုးကို ပြန်အုပ်စုဖွဲ့လိုက်တာပါ ဒါတွေက ၆၇၅ကို ကိုယ်စားပြုတုန်းပါ ဒီနံပါတ်တွေကို ညာဖက်ပေါင်းလို့ရပါတယ် သူတို့အားလုံး ၆၇၅ထိပေါင်းထားတာပါ