အဓိက မာတိကာ
ဘားဂရပ်တစ်ခုကိုဖန်တီးခြင်း
Sal သည်စစ်တမ်းမှအချက်အလက်များကို အသုံးပြု၍ ဘားဇယားကိုဖန်တီးသည်။. Sal Khan ကဖန်တီးထားပါတယ်။
စကားဝိုင်းတွင် ပါဝင်ချင်ပါသလား။
No posts yet.
ဗီဒီယိုစာသား
ဆရာမ ၂၀ ကိုသူတို့ရဲ့အကြိုက်ဆုံးဘာသာတွေကိုမေးလိုက်တယ် ဆရာမ ၇ ယောက်က ဘာသာစကားလို့ပြောတယ် ၃ ယောက်က သမိုင်းလို့ပြောတယ် ၉ ယောက်က ပထဝီလို့ပြောတယ် ၁ ယောက်ကဓာတုဗေဒလို့ပြောတယ် ဘယ်သူမှတော့ ရူပဗေဒလို့မပြောပါဘူး လူတိုင်းရဲ့အကြိုက်ဆုံးဘာသာတွေကိုပြတဲ့ဘားချပ်တစ်ခုဆွဲပေးရမယ် ဒါဆို ဒီမှာ ဘားချပ်ရှိတယ် ဘယ်နားမှာအမှတ်ချထားရမလဲဆိုတာကြည့်ရအောင် ဒါဆို ဘယ်ဆရာမကမှ ရူပဗေဒလို့မပြောပါဘူး ကျွန်တော့်အတွက်အံ့သြဖို့ကောင်းပါတယ် ရူပဗေဒကကျွန်တော့်အကြိုက်ဆုံးဘာသာပါ ဒါမဲ့ဒီမှာပေးထားတဲ့အချက်အတိုင်းပဲ နေရာချတာပေါ့ ဒါဆို ရူပဗေဒ ဒါကိုကြည့်ရတာ သုညနဲ့ တစ်ရဲ့တစ်ဝက်မှာရှိနေသလိုပါပဲ ဒါဆို ရူပဗေဒကို သုညမှတ်ကိုဆွဲချလိုက်ရုံပါပဲ ဓာတုဗေဒ ကြည့်ရအောင် ဆရာမတစ်ယောက်ကဓာတုဗေဒလို့ပြောပါတယ် ဒါဆို ဓာတုဗေဒကို ၁ ကိုတင်လိုက်မယ် အခု ဆရာမ ၉ ယောက်က ပထဝီလို့ပြောတယ် ဒါဆို ပထဝီ ၉ ထိတင်လိုက်မယ် ဆရာမတစ်ယောက်က ဓာတုဗေဒလို့ပြောတယ် ဒါကကျွန်တော်ဖတ်ပြီးသားပဲ သမိုင်းပါ သမိုင်း ဆရာမ၃ ယောက်က သမိုင်းလို့ပြောတယ် ဒါဆို သမိုင်းကို ၃ အထိတင်လိုက်မယ် ပြီးတော့ ဘာသာစကား။ ဆရာမ၇ယောက်က ဘာသာစကားလို့ပြောတယ် ဒါဆို ဒါကို ၇ထိတင်လိုက်မယ် ပြီးတော့ ကျွန်တော်ထင်ပါတယ် ကျွန်တော်အမှားမလုပ်မိဘူူးဆိုရင် ကျွန်တော်တို့ပြီးသင့်ပါပြီ ဟုတ်ပြီးမှန်ပါတယ်