အဓိက မာတိကာ
ကုတ်အကြောင်းသင်ရမယ့်အချိန်
Course: ကုတ်အကြောင်းသင်ရမယ့်အချိန် > Unit 2
Lesson 1: ကုဒ်သင်ရမယ့်အချိန်(ဆရာများနှင့်မိဘများအတွက်)ကလေးများကုဒ်သင်ရမည့်အချိန်
ခန်းအကယ်ဒမီမှ ကုတ်သင်ခန်းစာအချိန်ဆိုတာဘာလဲ
သင်ခန်းစာအချိန်ပေါင်းများစွာနှင့်ကိုယ်တိုင်လေ့လာနိုင်သော JavaScript၊ HTML/CSS နှင့် SQL သင်ခန်းစာများကို မိမိတို့ Khan Academy တွင်ပေးထားသည်။ ကုတ်သင်ခန်းစာအချိန်အတွက် မိမိတို့က ခေါင်းစဉ်တစ်ခုစီကိုမိတ်ဆက်သည့် တစ်နာရီစာမိတ်ဆက်ပေးသည်။
မိမိတို့ပေးထားသည့်အရာများအားလုံးကို သင်နှင့်သင်ကလေးတို့က ဤနေရာတွင်စစ်ဆေးနိုင်ပါသည် -
သင့်အနေဖြင့် မည်သည့်အရာကိုရွေးရမည်ကို ဤနေရာတွင်အသေးစိတ်ဖော်ပြထားသည်-
- ကုတ်အသုံးပြုပုံဆွဲသင်ခန်းစာအချိန်: ကမ္ဘာပေါ်မှာလူကြိုက်အများဆုံး ပရိုဂရမ်ရေးဆွဲနည်းဘာသာစကားများအနက်တစ်ခုဖြစ်သည့် JavaScript အသုံးပြုပြီး ပရိုဂရမ်ရေးဆွဲမှုကို သင့်ကလေးအား ယခုအချိန်တွင်သင်ကြားပေးမည်ဖြစ်သည်။ ကလေးများက နှင်းလူအရုပ်ဖြစ်စေ၊ တိရစ္ဆာန်ပုံဖြစ်စေ သို့မဟုတ် ကိုယ်တိုင်ရေးပုံတူဖြစ်စေ ပုံတစ်ပုံအတွက် ပရိုဂရမ်ကိုရေးဆွဲရန် JavaScript ကိုအသုံးပြုမည်ဖြစ်ပြီး ပျော်ရွှင်ဖွယ်ကောင်းသောအစီအစဉ်တစ်ခုနှင့်အတူ အဆုံးသတ်ရမည်ဖြစ်သည်။ လိုအပ်ချက်များက စာစီစာရိုက်ကျွမ်းကျင်မှုနှင့် ကီးဘုတ်တစ်ခုဖြစ်သည်။ အကြံပြုအသက်- ၈ နှစ်အထက်
- ဝက်ဆိုက်စာမျက်နှာသင်ခန်းစာအချိန်: သင့်ကလေးအနေဖြင့် HTML နှင့် CSS အခြေခံများကိုအသုံးပြုပြီး ကိုယ်ပိုင်ဝက်ဆိုက်စာမျက်နှာများဖန်တီးရန် ယခုသင်ခန်းစာအချိန်တွင်သင်ကြားပေးမည်ဖြစ်ကာ အားလပ်ရက်မိတ်ဆက်ကတ်တစ်ခုဖြင့် အဆုံးသတ်မည်ဖြစ်သည်။ လိုအပ်ချက်များက စာစီစာရိုက်ကျွမ်းကျင်မှုနှင့် ကီးဘုတ်တစ်ခုဖြစ်သည်။ အကြံပြုအသက်- ၈ နှစ်အထက်
- ဒေတာဘေ့(စ်)သင်ခန်းစာအချိန်: အသုံးပြုသူများနှင့်အကြောင်းအရာများနှင့်ပတ်သက်သည့် အပလီကေးရှင်းစတိုးအချက်အလက်တို့က မည်သို့လုပ်ဆောင်သည်ဟူသည့် ဒေတာဘေ့(စ်)များ၏အခြေခံများကို ယခုသင်ခန်းစာအချိန်တွင် သင်ကြားပေးမည်ဖြစ်သည်။ သင့်ကလေးက အချက်အလက်များပါပြီး မေးမြန်းမှုများရှိသည့် ဇယားကွက်များကိုဖန်တီးရန် SQL ကိုအသုံးပြုမည်ဖြစ်ပြီး စိတ်ကူးယဉ်စတိုးတစ်ခုအတွက် ဒေတာဘေ့(စ်)တစ်ခုဖန်တီးမည့်အစီအစဉ်ဖြင့် အဆုံးသတ်မည်ဖြစ်သည်။ လိုအပ်ချက်များက စာစီစာရိုက်ကျွမ်းကျင်မှုနှင့် ကီးဘုတ်တစ်ခုဖြစ်သည်။ အကြံပြုအသက်- ၁၂ နှစ်အထက်
ရွေးချယ်မှုတစ်ခုစီတွင် အောက်ပါအကြောင်းအရာများပါဝင်သည်-
- လမ်းညွှန်ဗီဒီယိုများနှင့် “ဆွေးနွေးမှုများ” - ဆွေးနွေးမှုများက ဗီဒီယိုများကဲ့သို့ဖြစ်သော်လည်း ကုတ်ဖြင့်ခေတ္တရပ်ခြင်းနှင့်ပြန်ဖွင့်ခြင်းတို့ကို တစ်ချိန်တည်းမှာပင်လုပ်နိုင်သည်။
- ကုတ်ရေးဆွဲခြင်းအရည်အချင်းစစ်ဆေးမှုများက သင့်ကလေးအား အယူအဆကို လက်တွေ့လေ့ကျင့်ရန်အခွင့်အရေးတစ်ခုပေးမည်ဖြစ်ပြီး မိမိတို့အား ၎င်းတို့ကိုအလိုအလျောက်အဆင့်သတ်မှတ်ကာ အမှတ်များပေးရန်နည်းလမ်းတစ်ခုပေးမည်ဖြစ်သည်။
- နောက်ဆုံးလက်တွေ့လုပ်ဆောင်မှုက သင့်ကလေးအနေဖြင့် ၎င်းတို့သင်ယူတတ်မြောက်ခဲ့သည်များကို တီထွင်ဖန်တီးမှုရှိပြီး လွတ်လပ်သောပုံစံဖြင့် အသုံးပြုနိုင်မည့်နည်းလမ်းတစ်ခုဖြစ်သည်။
သင့်ကလေးအနေဖြင့် ရွေးချယ်မှုများအနက် မည်သည့်တစ်ခုမှမဆို တတ်မြောက်ရန် အချိန်တစ်နာရီခန့်ကြာမည်ဟု မိမိတို့ယုံကြည်သည်။ သို့သော် သင့်ကလေးအနေဖြင့် ကိုယ်နိုင်သလောက်အနေအထားဖြင့် သင်ယူသင့်သည်ဟူသော ခန်းအကယ်ဒမီအပေါ်တွင်လည်း မိမိတို့ကယုံကြည်သည်။ ထို့ကြောင့် သင့်ကလေးကိုအချိန်တစ်နာရီကျော် (တစ်နာရီခွဲမှ နှစ်နာရီကြား)ပေးဖို့ မိမိတို့ကတိုက်တွန်းပါတယ်။ သို့မဟုတ်ပါက သင့်ကလေးအနေဖြင့် သင်ခန်းစာတစ်ခုလုံးကိုအပြီးသတ်ရန်မလိုအပ်ကြောင်း ပြောပေးပါ။
ကုတ်သင်ခန်းစာအချိန်ဆိုတာဘာလဲ
ကုဒ်အချိန် သည်ကျောင်းသားများကိုပရိုဂရမ်ရေးရန်တစ်နာရီကြာလေ့လာရန်နှင့်ဒီဇင်ဘာလ CS ပညာရေးအပတ် တွင်နှစ်စဉ်ကျင်းပရန်အားပေးသည့်ပဏာမခြေလှမ်းဖြစ်သည်။ ကျွန်ုပ်တို့၏မျှော်လင့်ချက်မှာများစွာသောကျောင်းသားများသည်ကွန်ပျူတာပရိုဂရမ်းမင်းနှင့်ကွန်ပျူတာသိပ္ပံနှင့် ပတ်သတ်၍ နောက်ထပ်နာရီများစွာနှင့်ဆက်လက်လုပ်ကိုင်လိမ့်မည်ဖြစ်သည်။
မိမိအနေဖြင့် ခန်းအကယ်ဒမီ၏ ကုတ်သင်ခန်းစာအချိန်မှသင်ခန်းစာများကို မိမိ၏ကလေးနှင့်အတူ မည်သို့အသုံးပြုရမည်နည်း။
ကုတ်သင်ခန်းစာအချိန်မတိုင်မီ
- အထူးသဖြင့် ဗီဒီယိုများနှင့်ဆွေးနွေးမှုများပါသည့် ခန်းအကယ်ဒမီမှအကြောင်းအရာများကို ရရှိဖို့လိုအပ်သည့်အတွက် သင့်မှာအင်တာနက်လိုင်းကောင်းကောင်းရှိပါစေ။ နောက်ထပ်သတင်းအချက်အလက်များအတွက် ယခုလမ်းညွှန်ကိုကြည့်ပါ။
- သင့်ကွန်ပျူတာများတွင် ကိုက်ညီမှုရှိသောဘရောက်ဆာတစ်ခုရှိပါစေ။ အထောက်အပံ့ပေးသော မိမိတို့၏ဘရောက်ဆာစာရင်းကိုကြည့်ပါ။
- (သင့်သဘောအတိုင်းဖြစ်သည်) သင်က 'ကုတ်အသုံးပြုပုံဆွဲခြင်းသင်ခန်းစာအချိန်' ကိုလုပ်လိုပါက ဂရပ်ပါမှတ်စုအကျဉ်းကိုထုတ်ပါ။
- (သင့်သဘောအတိုင်းဖြစ်သည်) ခန်းအကယ်ဒမီတွင် မိဘအဖြစ်မှတ်ပုံတင်ပြီး သင်၏ကလေးကိုထည့်ပါ (ညွှန်ကြားချက်များအတွက် ဤလမ်းညွှန်မှုကိုကြည့်ပါ)။ မှတ်ပုံတင်ပြီးပါက သင့်အနေဖြင့် ကျောင်းသားတိုးတက်မှုနေရာသို့သွားနိုင်ပြီး သင့်ကလေး၏တိုးတက်မှုကို စောင့်ကြည့်နိုင်ရန် dropdown နေရာမှ 'ကုတ်သင်ခန်းစာအချိန်'ကိုရွေးနိုင်သည်။
ကုတ်သင်ခန်းစာအချိန်အတွင်း
- သင်က သင့်ကလေးအတွက်တောင်းခံထားသော မည်သည့်အနီးကပ်သင်ကြားမှုကိုမဆို ၎င်းကိုရယူစေလိုပါက
- ကုတ်သင်ခန်းစာအချိန်စာမျက်နှာ
www.khanacademy.org/hourofcode သို့သွားရန်ညွှန်ကြားပါ။ - သင်က သင့်ကလေးအတွက် သီးသန့်အနီးကပ်သင်ကြားမှုတစ်ခုကိုရွေးထားပါက
ကုတ်ဖြင့်ပုံရေးဆွဲခြင်းသင်ခန်းစာအချိန်
www.khanacademy.org/r/hour-of-code
ဝက်ဆိုက်စာမျက်နှာများသင်ခန်းစာအချိန်:
www.khanacademy.org/r/hour-of-webpages
ဒေတာဘေ့(စ်)သင်ခန်းစာများအချိန်
www.khanacademy.org/r/hour-of-databases သို့သွားရန် ညွှန်ကြားပါ။ - မိတ်ဆက်ဗီဒီယိုကိုအတူကြည့်ပြီး ကျန်ရှိသောအနီးကပ်သင်ကြားမှုကို ကိုယ်နိုင်သလောက်လုပ်ရန် သင့်ကလေးကိုတိုက်တွန်းပါ။
- (သင့်သဘောအတိုင်းဖြစ်သည်) လက်တွေ့လုပ်ဆောင်မှုရှိ ယှဉ်တွဲပရိုဂရမ်ရေးဆွဲခြင်း ကဲ့သို့) အနီးကပ်သင်ကြားမှုကိုပြီးစီးစေရန် သင့်ကလေးကိုကူညီပါ။ သိုမဟုတ်ပါက ရာသက်ပန်သင်ယူမှုစံနမူနာဖြစ်စေရန် အနီးကပ်သင်ကြားမှုကို သင့်ကိုယ်ပိုင်အကောင့်ဖြင့် ပြီးအောင်လုပ်ပါ။
ကုတ်သင်ခန်းစာအချိန်ပြီးနောက်
- သင့်ကလေးအတွက် သင်တန်းပြီးဆုံးကြောင်းလက်မှတ်တစ်ခုကိုထုတ်ပါ။ PDF ဖိုင်ကို ဤနေရာတွင်ယူပါ
- မိမိတို့၏သင်ရိုးညွှန်းတမ်းတစ်ခုလုံး ကိုအသုံးပြုခြင်းဖြင့် ခန်းအကယ်ဒမီတွင် ပရိုဂရမ်ရေးဆွဲနည်းကိုဆက်လက်သင်ယူရန် သင့်ကလေးကိုတိုက်တွန်းပါ။ ခန်းအကယ်ဒမီရှိအရာအားလုံးက အခမဲ့ဖြစ်သည့်အတွက် သင်နှင့်သင့်ကလေးလုပ်ရမည့်အရာက မှတ်ပုံတင်ရန်ပင်ဖြစ်သည်။
- သင်၏ဇာတ်လမ်းများကို မိမိတို့နှင့်အတူမျှဝေပါ။ မိမိတို့၏သင်ခန်းစာများကိုလုပ်နေသည့် သင့်ကလေး၏ ဓာတ်ပုံများနှင့်ဗီဒီယိုများ သို့မဟုတ် ၎င်းတို့လုပ်ထားသည့်သုတေသနများ၏ ဖန်သားပြင်ဓာတ်ပုံများကို မိမိတို့ကနှစ်သက်ပါသည်။ ၎င်းတို့ကို @khanacademy #hourofcode ဟုရေးပြီး တွစ်တာနှင့်အင်စတာဂရမ်တို့တွင် မျှဝေပေးပါ။
နောက်မျိုးဆက်သစ်ကွန်ပျူတာသိပ္ပံပညာရှင်များအားအားပေးသည့်အတွက်ကျေးဇူးတင်ပါသည်။
မကြာခဏမေးလေ့ရှိသော မေးခွန်းများ
နောက်ထပ်မှတ်ချက်များနဲ့မေးခွန်းများကို compsci-feedback@khanacademy.org သို့ အီးမေးပို့နိုင်ပါတယ်။ သို့မဟုတ်ပါက အောက်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။
သင်ရိုးညွှန်းတမ်းကို ဘာသာစကားအမျိုးမျိုးသို့ပြန်ဆိုထားလား
ဘာသာပြန်ပြီးသောဘာသာစကားများတွင် ဆွေးနွေးပို့ချမှုများကို အမည်ပေးထားပြီး ဆန်းစစ်မှုညွှန်ကြားချက်များ၊ လက်တွေ့လုပ်ငန်းဖော်ပြချက်များနှင့် မှားယွင်းသောသတင်းစကားများကို ပြန်ဆိုထားပြီးဖြစ်သည်။ ထိုဘာသာစကားများဖြင့်ရေးသားထားသည့် အပြန်အလှန်ဆွေးနွေးမှုမှတ်တမ်းများကိုလည်း သင်တန်းသားများအနေဖြင့် ၎င်းတို့၏ဘာသာစကားဖြင့် နိုင်သလောက်လေ့လာနိုင်မည်ဖြစ်သည်။
နားမကြားကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းရှိပါသလား။
ဆွေးနွေးမှုများအတွက် မှတ်တမ်းရယူနိုင်တဲ့ရွေးချယ်ခွင့်ရှိပါတယ်။ play bar ဘေးရှိဂီယာမီနူးကိုနှိပ်ပါ။ "Interactive Transcript" ကိုရွေးချယ်ပါ။ လျင်မြန်စွာပြုလုပ်နေပါကကျောင်းသားများသည်ဆွေးနွေးမှုကိုခေတ္တရပ်ဆိုင်းနိုင်သည်။
မျက်စိကန်းသောကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်းရှိပါသလား။
ခန်းအကယ်ဒမီဝက်ဆိုက်တွင် ဖန်သားပြင်ရှိစာများကိုဖတ်ကြားပေးသည့်ဝန်ဆောင်မှုပေးရန်ကြိုးပမ်းနေသော်လည်း ကုတ်ရေးသားမှုပုံစံအများအပြားရှိသောကြောင့် ယခုအထိအဆင်မပြေနိုင်သေးပါ။ ထို့ကြောင့် နားလည်လွယ်ပြီးအဆင်ပြေမည့် သတ်မှတ်ကုတ်သင်ခန်းစာအချိန် ကို မိမိတို့ကအကြံပြုပါသည်။
အနီးကပ်သင်ကြားမှုများက ChromeBook များတွင်အလုပ်လုပ်ပါသလား
ChromeBook များက ခန်းအကယ်ဒမီကထောက်ပံ့ပေးသော ဘရောက်ဆာများအနက်တစ်ခုဖြစ်သည့် Google Chrome ဘရောက်ဆာများကိုအသုံးပြုသည့်အတွက် အနီးကပ်သင်ကြားမှုအားလုံးက ChromeBook တွင် ကောင်းစွာအလုပ်လုပ်ပါသည်။
ကျောင်းသားများအနေဖြင့် ကုတ်သင်ခန်းစာအချိန်ပြီးနောက် သင်ခန်းစာကိုဆက်လုပ်နိုင်ပါသလား
ကျောင်းသားများအနေဖြင့် မည်သည့်အချိန်တွင်မဆို ၎င်းတို့နိုင်သလောက်သင်ခန်းစာများကိုလုပ်နိုင်ပါသည်။ ၎င်းတို့အနေဖြင့် နောက်ဆုံးပြီးဆုံးသည့်နေရာမှ အလွယ်တကူပြန်စလိုပါက အကောင့်တစ်ခုဖွင့်ရမည်ဖြစ်သည်။ သို့မဟုတ် ၎င်းတို့အတွက် သင်ဖွင့်ပေးထားသောအကောင့်ကိုအသုံးပြုရမည်ဖြစ်သည်။
ကျောင်းသားများအနေဖြင့် သင်ရိုးညွှန်းတမ်းများကိုအသုံးပြုရန် ခန်းအကယ်ဒမီအကောင့်တစ်ခု လိုအပ်ပါသလား
၎င်းတို့အနေဖြင့် ခန်းအကယ်ဒမီအကောင့်တစ်ခုမလိုအပ်သော်လည်း အကောင့်တစ်ခုရှိထားပါက ၎င်းတို့၏တိုးတက်မှုများကိုစောင့်ကြည့်နိုင်မည်ဖြစ်ကာ အမှတ်များနှင့်အမှတ်တံဆိပ်များကိုရရှိနိုင်မည်ဖြစ်သည်။
စကားဝိုင်းတွင် ပါဝင်ချင်ပါသလား။
No posts yet.