အဓိက မာတိကာ
ကုတ်အကြောင်းသင်ရမယ့်အချိန်
Course: ကုတ်အကြောင်းသင်ရမယ့်အချိန် > Unit 1
Lesson 2: ၀က်ဆိုဒ်များဖန်တီးခြင်း- ၀ဘ်မှကြိုဆိုသည်
- Quick tip: HTML tags များ
- စိန်ခေါ်ခြင်း ၊ ကဗျာတစ်ပုဒ်ရေးမယ်
- စိန်ခေါ်ခြင်း ၊ သင်သည်စာသားတပ်ကို လေ့လာနိုင်သည်
- စိန်ခေါ်မှု ၊ လစ်စ်ကိုလေ့လာခြင်း
- စိန်ခေါ်မှု ၊ ပြီးပြည့်စုံသောခရီးစဥ◌်ပုံတစ်ခု
- အချိန်ကျော်လွန်ခြင်း
© 2023 Khan Academyသုံးစွဲမှု စည်းကမ်းချက်များကိုယ်ပိုင်သတင်းအချက်အလက်မှုဝါဒCookie Notice
၀ဘ်မှကြိုဆိုသည်
စကားဝိုင်းတွင် ပါဝင်ချင်ပါသလား။
No posts yet.
ဗီဒီယိုစာသား
အားလုံးကို ကြိုဆိုပါတယ်။
Web အကြောင်း ပြောရအောင် သင်အခု အသုံးပြုနေတဲ့ အရာပေါ့ Webဆိုတာကတော့ ကွန်ပျူတာတွေကိုချိတ်ဆက်ထားတဲ့
မြန်ဆန်တဲ့ကွန်ယက်တစ်ခုပဲ ဖြစ်ပါတယ် ၂၀၁၄ခုနှစ်အထိပဲဆိုရင်တောင်
website ပေါင်းသန်းတစ်ထောင်ကျော်ရှိပါတယ် သန်းတစ်ထောင်ပါ ! ကျွန်တို့ငယ်ငယ်တုန်းကဆို
တစ်သန်းလောက်ပဲရှိတာပါ အဲ့ဒါကိုပဲမိုက်လှပြီထင်နေတာ ကျွန်ုပ်တို့ဘာလို့websiteတွေကိုအသုံးပြုကြလဲ ? အစပိုင်းမှာတော့ website တွေကို သုတေသနပညာရှင်တွေက
သူတို့ရှာဖွေတွေ့ရှိမှုတွေ မျှဝေဖို့ သုံးကြပါတယ် ဥပမာ စွမ်းအင်မြင့်အမှုန်တိုက်ထုတ်စက် ( High-energy
particle colliders)တွေလိုပေါ့ ဒါပေမယ့် အခုတော့လူတိုင်းက အရာရာတိုင်းလိုလိုအတွက်
အသုံးပြုလာကြပါပြီ လူမှုကွန်ယက်တွေကိုသုံးပြီး
မိသားစုတွေနဲ့ စကားပြောမယ် ဓာတ်ပုံwebsiteမှာ
သင့်ရဲ့ချစ်စရာကြောင်လေးတွေရဲ့ ဓာတ်ပုံတွေမျှဝေမယ် ဘယ်ခရီးတွေသွားမလည်းဆိုတာ
ခရီးသွား websiteတွေသုံးပြီးဆုံးဖြတ်မယ် ဒါမှမဟုတ်
ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလည်းသိဖို့ သတင်းwebsiteတွေမှာရှာမယ် ဒါပေါ့
သင် Khan Academy Website ကိုသုံးပြီး လေ့လာသင်ယူမှုတွေလုပ်နေရမှာပေါ့ ဒါဆို သင်အနှစ်သက်ဆုံး websiteကဘာလည်း ? တကယ်တော့ ကျွန်ုပ်မှာပိုကောင်းတဲ့ မေးခွန်းတစ်ခုရှိတယ် သင်ဘယ်websiteကိုရှိနေစေချင်ပြီး
ခုထိမရှိသေးဘူးလား သင့်အကြောင်းwebsiteလား ဒါမှမဟုတ် သင်မြတ်နိုးတဲ့အရာအကြောင်းလား ကောင်းတာတစ်ခုက
သင့်အကြောင်း website တစ်ခု
သင်ကိုယ်တိုင်ရေးလို့ ရတာပဲ နောက်ပြီးအဲ့ဒါကိုဘယ်လိုလုပ်မလည်း
Khan Academyမှာသင်ယူလို့ရတယ်လေ အခုစပြီး သင်ဘာလုပ်ချင်လည်းဆိုတာ
အတွေးတွေဖြန့်ကျက်ပြီးစဥ်းစားကြည့်ပါ ဘာလို့လည်းဆိုတော့
မကြာခင်မှာ သင်လုပ်နိုင်တော့မှာမို့လို့လေ ပထမဆုံး နည်းနည်းနောက်ပြန်ဆုတ်ပြီး
ဝေါဟာရတွေရှင်းအောင်လုပ်ရအောင် တကယ်တော့
webဆိုတာဘာလည်း ? ကျွန်ုပ်ပြောခဲ့သလိုပဲ
အဲ့ဒါက websiteတွေရှိတဲ့ ကွန်ပျူတာတွေကိုဆက်သွယ်ထားတာပဲ ကွန်ပျူတာတစ်လုံးက
webကိုဆက်သွယ်လိုက်ပြီး websiteတစ်ခုကိုထုတ်လိုက်ပြီဆိုရင်
အဲ့ဒီကွန်ပျူတာကို ဆာဗာ(Server)လို့ခေါ်တယ် ဘာလို့လည်းဆိုတော့
သူက website ကိုတင်ပြ(Serve)ပေးနေလို့လေ Websiteတစ်ခုကို
ဘာသာစကားသုံးမျိုးနဲ့ရေးတယ် websiteမှာပါဝင်တာတွေအတွက်
HTMLကိုသုံးတယ် CSS ကို
ပုံစံသွင်းဖို့အတွက်သုံးတယ် ထိတွေ့အသုံးပြုလို့ရအောင်တော့
JavaScriptကိုသုံးတယ် တကယ်တမ်း သင့်လိုအသုံးပြုသူတွေက
websiteတွေကို ဘယ်လိုမြင်ကြလည်း Chrome,Firefox,Internet Explorer
တို့လို app တွေကိုသုံးပြီး သင်က website တွေကို
ရှာဖွေမယ် အဲ့ဒီ့ appတွေကို
Browser တွေလို့ခေါ်တယ် Browser တွေအားလုံးကတော့
တူညီတဲ့websiteတွေကို တူတူပြကြတာပဲ ဒါပေမယ့်မတူညီတာတွေတော့ရှိတယ် အဲ့ဒါကြောင့် တစ်ခါတလေ
"ဟာ ဒီbrowserမှာတော့ပြသနာတစ်ခုရှိနေပြီ" "နောက်တစ်ခု စမ်းကြည့်ပါလား"
လို့ပြောကြတယ် သင်ရောအခု
ဘယ် browserကိုသုံးနေလည်း အဲ့ဒီ့ browserကို
သင်က ဖုန်း,တက်ဘလက်
ဒါမှမဟုတ် smart TVတို့လို စက်ပစ္စည်းတစ်ခုခုကိုသုံးနေပြီး အဲ့ဒါတွေကို clientsလို့ခေါ်တယ် Client တွေကတော်တော်ကွဲပြားပါတယ် တချို့တွေက တခြားဟာတွေထက်
တော်တော်လေးသေးတယ် တချို့တွေက touchscreenတွေပါပြီးတော့
တချို့တွေက ကီးဘုတ်တွေနဲ့ တချို့ကတော့
အဖြူအမည်းပဲလာတယ် အဲ့ဒါကြောင့် websiteတွေက
clientအစုံမှာသုံးလို့ရအောင်လို့ ကြိုးစားလာကြတယ် သင်ရောအခု
ဘယ်clientကိုသုံးနေလည်း အခုဆို
web အကြောင်းပြီးပါပြီ နှစ်မိနစ်စာပေါ့ webအကြောင်းလေ့လာစရာတွေကတော့
အများကြီးရှိပါသေးတယ် ဒါပေမယ့် အခုတော့
သင့်ကိုယ်ပိုင်webစာမျက်နှာအတွက် HTML CSS တွေစရေးနေသင့်ပြီလို့
ကျွန်မတော့ထင်တာပဲ