If you're seeing this message, it means we're having trouble loading external resources on our website.

သင်သည် Web Filter ကိုသုံးနေပါက ဒိုမိန်းဖြစ်သော *.kastatic.org and *.kasandbox.org တို့ကိုပိတ်ထားခြင်းမပြုလုပ်ပါနှင့်

အဓိက မာတိကာ

ကျွန်ုပ်တို့ကုဒ်သင်ချိန်မှကြိုဆိုပါသည်

The 'ကုဒ်သင်ချိန်'အားဖြင့်တစ်နိုင်ငံလုံးပဏာမခြေလှမ်းဖြစ်ပါတယ် ကွန်ပျူတာသိပ္ပံပညာအပတ် and Code.org တစ်နာရီလျှင်ကွန်ပျူတာသိပ္ပံနှင့်ကွန်ပျူတာပရိုဂရမ်းမင်းကိုသန်းချီသောကျောင်းသားများကိုမိတ်ဆက်ပေးရန်။. Pamela Fox ကဖန်တီးထားပါတယ်။

ဗီဒီယိုစာသား

Hey! ကျွန်မက ခန်းအကယ်ဒမီအဖွဲ့က Pamela ပါ။ ဒါဆိုသင် Hour of Code အတွက်ရောက်နေမှာဟုတ်တယ်မလား? အဲ့ဒါဆိုကောင်းပါပြီ။ ကျွန်မငယ်ငယ်တုံးက ပထမဆုံးကုဒ်လေ့လာတာကို ကျွန်မမှတ်မိသေးပါတယ်။ အခုတော့ ကျွန်မကုဒ်ရေးတာ နာရီပေါင်း ၁ သောင်းကျော်ရှိပါပြီ။အလွန်ပျော်ဖို့ကောင်းတုံးပါဘဲ။ ကုဒ် တွေသင်ယူဖို့နည်းလမ်းများစွာရှိပါတယ်။ အရာများစွာကိုလည်း သင်ကုဒ်နှင့်ပြုလုပ်နိုင်ပါတယ်။ သင် PAC-MAN, Angry Birds သို့မဟုတ် Minecraftတို့ကိုကြိုက်ရင် ဂိမ်းများကိုပြုလုပ်လို့ရပါတယ်။ သို့မဟုတ် သင်သိပ္ပံပညာကိုကြိုက်လျှင် ပရိုဂရမ်းမင်းသုံးပြီး စကြဝဠာ၏အလုပ်လုပ်ပုံကိုပုံဖော်ကာ အခြားသူများပိုမိုနားလည်အောင်ကူညီပေးနိုင်ပါသည်။ သင်ဆေးပညာကိုကြိုက်လျှင်, လူ့ခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်နေတာလဲကို ဆရာဝန်တွေနားလည်အောင် ကူညီပေးနိုင်ပါသည်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကတကယ်ကိုပျော်ဖို့ကောင်းပါတယ်။ သင်ဟာ စက်ရုပ်တွေပြုလုပ်နိုင်တယ်၊ ဥပမာ-လူမဲ့မောင်းနှင်သောကားများ။ ဒေတာများကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ Khan Academy ကဲ့သို့ ဝက်ဘ်ဆိုက်များကိုသင်ပြုလုပ်နိုင်ပါတယ်။ သင်လုပ်နိုင်တာတွေအများကြီးရှိတယ်။ အခု Khan Academy မှာ သင်ကုဒ်လေ့လာသောအချိန်ကိုအသုံးပြုပြီး ကွန်ပျူတာသုံးထုတ်လုပ်သောပုံများကို ပြုလုပ်ရန်လေ့လာနိုင်ပါသည်။ ကျွန်မတို့သည် အချိန်တိုလေးအတွင်း သင့်ကို အရာအားလုံးမသင်ပေးနိုင်ပေမဲ့ သင်ပထမဆုံးကုဒ်လေ့လာရာတွင် ပျော်ရွင်ကာ ဆက်လက်လေ့လာမည်ကို ကျွန်မတို့မျှောင်လင့်ပါတယ်။ နောက်အချိန်တွေမှာ ဘာတွေလုပ်ရမလဲဆိုတာ ပြောပြသွားပါမယ်။ ပထမဦးစွာ၊ သင်ဟာဒီ interactive talk-throughs ကြည့်ရမည်။ သူတို့ဟာဗွီဒီယိုလိုပါပဲ၊ အဲ့ဒီမှာ ကျွန်မတို့ကုဒ်ရေးတယ် ရေးနေတုံး အသံနဲ့ရှင်းပြတယ် ရေးထားသောကုဒ်ရဲ့ရလဒ်ကို သင်ဟာ ညာဘက််ခြမ်းမှာ ကြည့်နိုင်ပါတယ်။ ဗီဒီယိုတစ်ခုလိုလဲ ခဏရပ်နားလို့ရပါတယ်။ ဒါပေမယ့် ဗွီဒီယိုထက်ပိုသာတာကတော့ ကျွန်မတို့ရေးဆွဲထားသောကုဒ်များကို သင်ပြုပြင်ပြောင်းလဲနိုင်ပါသည်။ ပြီးတော့သင်ပြောင်းလဲထားတာကိုကြည့်ရှုနိုင်ပါသည်။ ဆက်လက်လေ့လာလိုသည့်အခါ ၎င်းကိုပြန်ဖွင့်နိုင်ပါသည်။ သတိထားစရာကတော့ ဗွီဒီယိုတွေမှာ အသံရှိတာကြောင့် သင့်တွင်စပီကာ သို့မဟုတ်နားကြပ်များရှိရပါမည်။ နောက်၊ သင်ဟာ ကုဒ်ရေးဆွဲသော challenge လုပ်ရပါမည်။ ဒီဟာကတော့ သင် သင်ယူထားသည်များကို လေ့ကျင့်ခြင်းဖြစ်ပါသည်။ လေ့ကျင့်ပြီးလျှင် ပွိုင့်များရယူနိုင်ပါသည်။ သင်အားလုံးပြီးဆုံးသည်အထိ တစ်ဆင့်ချင်းစီ သွားပါ။ Challengeတစ်ခုချင်းစီကို အဆုံးထိရအောင်လုပ်ပါ။ သင်မလုပ်နိုင်လျှင် သို့မဟုတ် သင်ရှုပ်ထွေးနေပါက စိတ်မပူပါနဲ့၊ နောက်သင်ခန်းစာကိုသာဆက်လက်သင်ယူပါ။ အဆုံးမှာတော့ သင်ဟာ သင်ယူထားတာတွေကို အသုံးပြုပြီး ပျောင်ရွှင်မှုအပြည့်ပါဝင်သော၊ အဖြေမှန်မလိုသော ဖန်တီးမှုများကို ပြုလုပ်သွားမည်ဖြစ်ပါသည်။ သင့်လေ့လာနှုန်းက အချိန်တစ်နာရီလောက်ကြာတယ်ဆိုရင် အဲ့ဒါလုံးဝအဆင်ပြေပါတယ်။ ခန်း အကယ်ဒမီမှာ, လူတိုင်းဟာသူတို့ရဲ့ကိုယ်ပိုင်အရှိန်အဟုန်ဖြင့်သင်ယူသင့်တယ်ဆိုတာ ကျွန်မတို့ယုံကြည်ပါတယ်။ သင်ဆက်လေ့လာဖို့ ကျိန်မတို့ဒီမှာ အမြဲရှိနေပါတယ်။ ဘယ်လောက်ဘဲကြာနေပါစေ၊ စတင်ရန်အဆင်သင့်ဖြစ်ပြီလား?! ကုဒ်ပါတီ စလိုက်ကြရအောင်! ဝူး-ဟူး!