If you're seeing this message, it means we're having trouble loading external resources on our website.

သင်သည် Web Filter ကိုသုံးနေပါက ဒိုမိန်းဖြစ်သော *.kastatic.org and *.kasandbox.org တို့ကိုပိတ်ထားခြင်းမပြုလုပ်ပါနှင့်

အဓိက မာတိကာ

၀ဘ်မှကြိုဆိုသည်

ဗီဒီယိုစာသား

အားလုံးကို ကြိုဆိုပါတယ်။ Web အကြောင်း ပြောရအောင် သင်အခု အသုံးပြုနေတဲ့ အရာပေါ့ Webဆိုတာကတော့ ကွန်ပျူတာတွေကိုချိတ်ဆက်ထားတဲ့ မြန်ဆန်တဲ့ကွန်ယက်တစ်ခုပဲ ဖြစ်ပါတယ် ၂၀၁၄ခုနှစ်အထိပဲဆိုရင်တောင် website ပေါင်းသန်းတစ်ထောင်ကျော်ရှိပါတယ် သန်းတစ်ထောင်ပါ ! ကျွန်တို့ငယ်ငယ်တုန်းကဆို တစ်သန်းလောက်ပဲရှိတာပါ အဲ့ဒါကိုပဲမိုက်လှပြီထင်နေတာ ကျွန်ုပ်တို့ဘာလို့websiteတွေကိုအသုံးပြုကြလဲ ? အစပိုင်းမှာတော့ website တွေကို သုတေသနပညာရှင်တွေက သူတို့ရှာဖွေတွေ့ရှိမှုတွေ မျှ‌ဝေဖို့ သုံးကြပါတယ် ဥပမာ စွမ်းအင်မြင့်အမှုန်တိုက်ထုတ်စက် ( High-energy particle colliders)တွေလိုပေါ့ ဒါပေမယ့် အခုတော့လူတိုင်းက အရာရာတိုင်းလိုလိုအတွက် အသုံးပြုလာကြပါပြီ လူမှုကွန်ယက်တွေကိုသုံးပြီး မိသားစုတွေနဲ့ စကားပြောမယ် ဓာတ်ပုံwebsiteမှာ သင့်ရဲ့ချစ်စရာ‌ကြောင်လေးတွေရဲ့ ဓာတ်ပုံတွေမျှဝေမယ် ဘယ်ခရီးတွေသွားမလည်းဆိုတာ ခရီးသွား websiteတွေသုံးပြီးဆုံးဖြတ်မယ် ဒါမှမဟုတ် ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလည်းသိဖို့ သတင်းwebsiteတွေမှာရှာမယ် ဒါပေါ့ သင် Khan Academy Website ကိုသုံးပြီး လေ့လာသင်ယူမှုတွေလုပ်နေရမှာပေါ့ ဒါဆို သင်အနှစ်သက်ဆုံး websiteကဘာလည်း ? တကယ်တော့ ကျွန်ုပ်မှာပိုကောင်းတဲ့ မေးခွန်းတစ်ခုရှိတယ် သင်ဘယ်websiteကိုရှိနေစေချင်ပြီး ခုထိမရှိသေးဘူးလား သင့်အ‌ကြောင်းwebsiteလား ဒါမှမဟုတ် သင်မြတ်နိုးတဲ့အရာအကြောင်းလား ကောင်းတာတစ်ခုက သင့်အ‌ကြောင်း website တစ်ခု သင်ကိုယ်တိုင်ရေးလို့ ရတာပဲ နောက်ပြီးအဲ့ဒါကိုဘယ်လိုလုပ်မလည်း Khan Academyမှာသင်ယူလို့ရတယ်လေ အခုစပြီး သင်ဘာလုပ်ချင်လည်းဆိုတာ အတွေးတွေဖြန့်ကျက်ပြီးစဥ်းစားကြည့်ပါ ဘာလို့လည်းဆိုတော့ မကြာခင်မှာ သင်လုပ်နိုင်တော့မှာမို့လို့လေ ပထမဆုံး နည်းနည်းနောက်ပြန်ဆုတ်ပြီး ‌ဝေါဟာရတွေရှင်းအောင်လုပ်ရအောင် တကယ်တော့ webဆိုတာဘာလည်း ? ကျွန်ုပ်ပြောခဲ့သလိုပဲ အဲ့ဒါက websiteတွေရှိတဲ့ ကွန်ပျူတာတွေကိုဆက်သွယ်ထားတာပဲ ကွန်ပျူတာတစ်လုံးက webကိုဆက်သွယ်လိုက်ပြီး websiteတစ်ခုကိုထုတ်လိုက်ပြီဆိုရင် အဲ့ဒီကွန်ပျူတာကို ဆာဗာ(Server)လို့ခေါ်တယ် ဘာလို့လည်းဆိုတော့ သူက website ကိုတင်ပြ(Serve)ပေးနေလို့လေ Websiteတစ်ခုကို ဘာသာစကားသုံးမျိုးနဲ့ရေးတယ် websiteမှာပါဝင်တာတွေအတွက် HTMLကိုသုံးတယ် CSS ကို ပုံစံသွင်းဖို့အတွက်သုံးတယ် ထိတွေ့အသုံးပြုလို့ရအောင်တော့ JavaScriptကိုသုံးတယ် တကယ်တမ်း သင့်လိုအသုံးပြုသူတွေက websiteတွေကို ဘယ်လိုမြင်ကြလည်း Chrome,Firefox,Internet Explorer တို့လို app တွေကိုသုံးပြီး သင်က website တွေကို ရှာဖွေမယ် အဲ့ဒီ့ appတွေကို Browser တွေလို့ခေါ်တယ် Browser တွေအားလုံးကတော့ တူညီတဲ့websiteတွေကို တူတူပြကြတာပဲ ဒါပေမယ့်မတူညီတာတွေတော့ရှိတယ် အဲ့ဒါ‌‌ကြောင့် တစ်ခါတလေ "ဟာ ဒီbrowserမှာတော့ပြသနာတစ်ခုရှိနေပြီ" "နောက်တစ်ခု စမ်းကြည့်ပါလား" လို့ပြောကြတယ် သင်ရောအခု ဘယ် browserကိုသုံးနေလည်း အဲ့ဒီ့ browserကို သင်က ဖုန်း,တက်ဘလက် ဒါမှမဟုတ် smart TVတို့လို စက်ပစ္စည်းတစ်ခုခုကိုသုံးနေပြီး အဲ့ဒါတွေကို clientsလို့ခေါ်တယ် Client တွေကတော်တော်ကွဲပြားပါတယ် တချို့တွေက တခြားဟာတွေထက် တော်တော်လေးသေးတယ် တချို့တွေက touchscreenတွေပါပြီးတော့ တချို့တွေက ကီးဘုတ်တွေနဲ့ တချို့ကတော့ အဖြူအမည်းပဲလာတယ် အဲ့ဒါကြောင့် websiteတွေက clientအစုံမှာသုံးလို့ရအောင်လို့ ကြိုးစားလာကြတယ် သင်ရောအခု ဘယ်clientကိုသုံးနေလည်း အခုဆို web အကြောင်းပြီးပါပြီ နှစ်မိနစ်စာပေါ့ webအကြောင်းလေ့လာစရာတွေကတော့ အများကြီးရှိပါသေးတယ် ဒါပေမယ့် အခုတော့ သင့်ကိုယ်ပိုင်webစာမျက်နှာအတွက် HTML CSS တွေစရေးနေသင့်ပြီလို့ ကျွန်မတော့ထင်တာပဲ