If you're seeing this message, it means we're having trouble loading external resources on our website.
သင်သည် Web Filter ကိုသုံးနေပါက ဒိုမိန်းဖြစ်သော *.kastatic.org and *.kasandbox.org တို့ကိုပိတ်ထားခြင်းမပြုလုပ်ပါနှင့်
ကယ်လ်ဖိုးနီးယားတောင်ပိုင်းရှိ Long Beach Unified School District နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းတွင် ခန်းအကယ်ဒမီကို အသုံးပြုသော အလယ်တန်းကျောင်း သင်္ချာကျောင်းသား ၅၃၄၈ ဦးသည် တစ်ပတ်လျှင် အတန်းတစ်တန်းအတွက် ညွှန်ကြားချက်ကို ပေါင်းစည်းဆောင်ရွက်ခဲ့သည်။ ခန်းအကယ်ဒမီကို အသုံးပြုသော ကျောင်းသားများသည် Smarter Balanced Mathematics Assessment သင်္ချာအကဲဖြတ်စစ်ဆေးမှု အတိုင်းအတာရမှတ်တွင် နောက်ထပ် ၂၂မှတ် (.20 ES) ရရှိခဲ့သည်။ ယင်းသည် ခန်းအကယ်ဒမီ အသုံးမပြုခဲ့သောသူများနှင့် နှိုင်းယှဉ်လျှင် အကြမ်းအားဖြင့် 2x သတ်မှတ်ချက်ရှိကြောင်း ပြသပါသည်။
အပြည့်အစုံလေ့လာမည်။FSG သည် ၂ဝ၁၃-၁၄ ပညာသင်နှစ်အတွင်း ဆရာ ၁၇၃ဦးနှင့် ကျောင်းသား ၁ဝ၅ဝဝ တို့နှင့်အတူ အီဒါဟိုတွင် ခန်းအကယ်ဒမီ၏ နိုင်ငံအနှံ့ ပါဝင်သည့် စီမံချက်တစ်ရပ် လေ့လာမှုကို ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံလေ့လာမည်။SRI International သည် ၂ဝ၁၂-၁၃ စာသင်နှစ်အတွင်း ဆရာ ၇ဝဦး၊ ကျောင်းသား ၂ဝဝဝတို့ဖြင့် အစိုးရ၊ ပုဂ္ဂလိကနှင့် အစိုးရအထောက်အပံ့ကျောင်းများနှင့်အတူ ၂နှစ်တာ လေ့လာမှုတစ်ရပ်ကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံလေ့လာမည်။၂ဝ၁၇ခုနှစ်တွင် ခန်းအကယ်ဒမီနှင့် ကျောင်းကြီးကြပ်ကွပ်ကဲရေးအဖွဲ့သည် ကျောင်းသား ၂၅ဝ,ဝဝဝ ခန့်အတွက် PSAT/NMSQT နှင့် SAT အကြား တိုးတက်မှုကို ပိုင်းခြားလေ့လာခဲ့သည်။ ခန်းအကယ်ဒမီတွင် တရားဝင် SAT လေ့ကျင့်မှုဖြင့် ၆နာရီမှ ၈နာရီကြာ လေ့လာခြင်းသည် PSAT/NMSQT မှ SAT အထိ အသုံးမပြုသည့် ကျောင်းသားများ အမှတ် ၆ဝ မြင့်တက်မှုနှင့် နှိုင်းယှဉ်လျှင် ပျမ်းမျှ အမှတ်၉ဝ မြင့်တက်မှုနှင့် ဆက်စပ်နေကြာင်း ရလဒ်များက ညွှန်ပြခဲ့သည်။
အပြည့်အစုံလေ့လာမည်။ပိုမိုအဆင့်မြင့်မားသော ပညာရေး၏ NEW ENGLAND ကြီးကြပ်ကွပ်ကဲရေးအဖွဲ့သည် ပြည်နယ် ငါးခုရှိ ကောလိပ် ၁၂ခု၌ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်္ချာဘာသာရပ် စာသင်တန်းများတွင် ကျောင်းသားပေါင်း ၁၂၂၆ဦးနှင့်အတူ ခမ်းအကယ်ဒမီအား ၂နှစ်တာ လေ့လာချက်တစ်ရပ် ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံလေ့လာမည်။အကျိုးအမြတ် မရယူသည့် အသင်းအဖွဲ့ Bern နှင့် Swiss တက္ကသိုလ်မှ သုတေသနပညာရှင်များသည် မူလတန်းကျောင်းသားများနှင့် ဆရာများ ၃၅ဝဝခန့်ဖြင့် အလျဉ်းသင့်သလို ထိန်းချုပ်စစ်ဆေးမှုတစ်ရပ်ဖြင့် ခန်းအကယ်ဒမီ၏ အကျိုးသက်ရောက်မှုကို အကဲဖြတ်ရန် လက်တွဲခဲ့သည်။
အပြည့်အစုံလေ့လာမည်။ပုဂ္ဂလိက သုတေသနအဖွဲ့အစည်း MANAUS သည် Sacatepéquez, Guatemala တွင် ဆရာ ၂ဝ၆ဦး၊ ကျောင်းသား ၂၃၅၆ဦးနှင့်အတူ Sergio Paiz Andrade ဖောင်ဒေးရှင်း (Funsepa) ၏ ၂ဝ၁၅ ခန်းအကယ်ဒမီ စစ်းဆေးမှုအစီအစဉ် အကဲဖြတ်မှုကို စီမံဆောင်ရွက်ခဲ့သည်။
အပြည့်အစုံလေ့လာမည်။ကျောင်းများ စီမံကိန်းရှိ Lemann ဖောင်ဒေးရှင်း၏ တီထွင်ဆန်းသစ်မှုသည် ၂ဝ၁၅ စာသင်နှစ်အတွင်း ဘရာဇီးရှိ အစိုးရကျောင်း ၁၄၃ကျောင်းတွင် တစ်ပတ်လျှင် တစ်နာရီကြာ ခန်းအကယ်ဒမီအား ဆရာများ၏ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ပံ့ပိုးပေးခဲ့သည်။
အပြည့်အစုံလေ့လာမည်။ပုဂ္ဂလိက သုတေသနပညာရှင်များသည် သီရိလင်္ကာရှိ ၉တန်းကျောင်းသား ၆၃၂ဦးနှင့်အတူ လေ့လာမှုတစ်ရပ် ဆောင်ရွက်ခဲသည်။ ၂ဝ၁၄ စာသင်နှစ်အတွင်း ကျောင်းသားများသည် ၎င်းတို့၏ သင်္ချာလမ်းညွှန်ချက်အတွက် နောက်ဆက်တွဲ ဖြည့်စွက်ချက်တစ်ရပ် အနေဖြင့် ခန်းအကယ်ဒမီဗီဒီယိုများကို အသုံးပြုခဲ့ကြသည်။
အပြည့်အစုံလေ့လာမည်။