ကျွန်ုပ်တို့၏ ရည်မှန်းချက်သည် လူတိုင်းအတွက် နေရာတိုင်းတွင် လေ့လာနိုင်သော ကမ္ဘာ့အဆင့်မီ အခမဲ့ပညာရေးကို ပံ့ပိုးပေးရန် ဖြစ်သည်။
အသက်အရွယ်အလုံးစုံအတွက် တစ်ဦးချင်းလိုအပ်ချက်အလိုက် လေ့လာသင်ယူမှု ရင်းမြစ်
ခန်းအကယ်ဒမီသည် သင်တန်းသားများကို မိမိတို့၏ ကိုယ်ပိုင်နေရာ ရွေ့လျားမှုဖြင့် စာသင်ခန်းတွင်းနှင့် စာသင်ခန်းပြင်ပတွင် လေ့လာနိုင်ရန် လက်တွေ့လေ့ကျင့်ခန်းများ၊ ပညာပေးဗီဒီယိုများနှင့် တစ်ဦးချင်းလိုအပ်ချက်အလိုက် လေ့လာသင်ယူသည့် ကိုယ်ပိုင်နေရာများ ထားရှိပေးပါသည်။ ကျွန်ုပ်တို့သည် သင်္ချာ၊ သိပ္ပံ၊ ကွန်ပျူတာပရိုဂရမ်းမင်း၊ သမိုင်း၊ အနုပညာသမိုင်း၊ စီးပွားရေးနှင့် အခြားသော ဘာသာရပ်များကို ပံ့ပိုးပေးထားပါသည်။ ကျွန်ုပ်တို့၏ သင်္ချာရည်မှန်းချက်သည် အားသာချက်များနှင့် သင်ယူမှု ကွာဟချက်များကို ဖော်ပြပေးသည့် ခေတ်အမီဆုံး လိုက်လျောညီထွေ ပြုပြင်နိုင်သော နည်းပညာကို အသုံးပြု၍ သူငယ်တန်းမှသည် ကဲကုလသင်္ချာရပ်အထိ သင်တန်းသားများကို လမ်းညွှန်ပေးပါသည်။ အထူးပြုဘာသာရပ်များကို ပေးစွမ်းရန် NASA, မော်ဒန်အနုပညာ ပြတိုက်၊ သိပ္ပံ ကယ်လ်ဖိုးနီးယားအကယ်ဒမီနှင့် MIT စသည့် တက္ကသိုလ်များနှင့်လည်း လက်တွဲဆောင်ရွက်ထားပါသည်။








မိဘများနှင့် ဆရာများအတွက် အခမဲ့ကိရိယာများ
ခန်းအကယ်ဒမီသည် ကလေးငယ်များ သို့မဟုတ် ကျောင်းသားများကို အတိုင်းအတာတစ်ခုအထိ အကောင်းဆုံး ကူညီပံ့ပိုးပေးနိုင်မည့် အရာများကို ပိုမိုနားလည်သဘောပေါက်စေရန် လမ်းညွှန်ဆရာများကို သေချာစွာ မြှင့်တင်ပေးလျက် ရှိပါသည်။ ကလေးငယ် သို့မဟုတ် ကျောင်းသားသည် ပင်ပန်းစွာ ကြိုးပမ်းနေရသည်လား သို့မဟုတ် ယခုအခါ အတန်းထဲတွင် ထိပ်ဆုံးရောက်နေသည်လား ကြည့်ပါ။ ကျွန်ုပ်တို့၏ ဆရာကိုယ်ပိုင်နေရာသည် အတန်းစွမ်းဆောင်ရည် အကျဉ်းချုပ်နှင့် ကျောင်းသားပရိုဖိုင် အသေးစိတ်ကို ပံ့ပိုးပေးပါသည်။










ကမ္ဘာအနှံ့စာသင်ခန်းသို့ သင် ဝင်ရောက်လေ့လာနေပါသည်။
ကမ္ဘာအနှံ့ရှိ ကျောင်းသားသန်းပေါင်းများစွာသည် ထူးခြားသည့် ကိုယ်ပိုင်ဖြစ်ရပ်ဖြင့် နေ့စဉ် ခန်းအကယ်ဒမီတွင် သင်ယူလေ့လာနေပါသည်။ ကျွန်ုပ်တို့၏ ရင်းမြစ်များကို စပိန်၊ ပြင်သစ်နှင့် ဘရာဇီး၊ ပေါ်တူဂီဘာသာများ အပြင် ဘာသာစကား ၃၆မျိုးကျော်ဖြင့် ဘာသာပြန်ထားပါသည်။
မကြာသေးမီကမှ သင်၏ဝက်ဆိုဒ်ကို တွေ့ရှိခဲ့ပါသည်။ ကျွန်တော်သည် အသက် ၇၂နှစ်ဖြစ်ပြီး ကျွန်တော် ရပ်နားခဲ့သည့် နေရာတွင် သင်ယူမှုကို ဆက်လက်လေ့လာနေပါသည်။ သင်တို့၏ ပင်ပန်းစွာ အားထုတ်မှုများအတွက် ကျေးဇူးများစွာ တင်ရှိပါသည်။
Barbaraသင်တို့၏ တက်ကြွစွာဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်သည် အင်္ဂလန်မြောက်ပိုင်းရှိ မူလတန်းကျောင်းဆရာတစ်ဦး ဖြစ်ပါသည်။ သမားရိုးကျပညာရေးစနစ်ကို ကျွန်ုပ် စိတ်အနှောင့်အယှက်ဖြစ်လာချိန်တွင် ခန်းအကယ်ဒမီတွင် ကြိုးပမ်းရန် လိုအပ်လာပြီး အနာဂတ် ပညာရေးအပေါ် ကျွန်ုပ်၏ ယုံကြည်ချက်များ ပြန်လည်ရရှိလာပါသည်။
Kimberlyချစ်ခင်လေးစားရပါသော ခန်းအကယ်ဒမီ၊ သင်၏ဗီဒီယိုများအတွက် ကျွန်ုပ် အလွန်ကျေးဇူးတင်ပါသည်။ ယခင်နှစ်တွင် ကဲကုလသင်္ချာကို ၉၆% ဖြင့် အောင်မြင်ခဲ့သည်သာမက သင်္ချာရပ်ဆိုင်ရာ အကြောင်းအရာများကို အမှန်တကယ် နားလည်သဘောပေါက်၍ အသုံးမပြုမီ အချိန်တွင် ကျွန်ုပ် လုံးဝ မတွေ့ကြုံခဲ့ဖူးသော အရာဖြစ်သည့် ဘာသာရပ်အပေါ် ကျွန်ုပ်၏ ချစ်ခင်နှစ်သက်မှုကိုလည်း တွေ့ရှိခဲ့ရပါသည်။
Matt
အခြေခံအစမှသည် ကမ္ဘာ့အဆင့်မီ အဖွဲ့တစ်ခုဆီသို့
ဝမ်းကွဲမောင်နှမအား သင်ကြားပြသပေးသော လူတစ်ဦးသည် လူဦးရေ ၁၅ဝ ထက်ပိုသည့် အဖွဲ့အစည်းတစ်ခုအဖြစ် တိုးတက်လာခဲ့ခြင်းဖြင့် စတင်ခဲ့သည်။ ကျွန်ုပ်တို့သည် လူတိုင်းအတွက် နေရာတိုင်းတွင် လေ့လာသင်ယူနိုင်သည့် ကမ္ဘာအဆင့်မီ အခမဲ့ ပညာရေးကို ပံ့ပိုးပေးမည်ဟူသော ရဲဝံ့သည့် ရည်မှန်းချက်တစ်ခုဖြင့် အတူတကွ လက်တွဲ လုပ်ကိုင်လာကြသော အဖွဲ့တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာကြီးအား လေ့လာသင်ကြားရန် လှုံ့ဆော်ပေးခြင်းတွင် အခိုင်အမာ ယုံကြည်ကြသည့် ဖွံ့ဖြိုးရေးဆောင်ရွက်သူများ၊ ဆရာများ၊ ဒီဇိုင်နာများ၊ ဗျူဟာမြောက် တွေးခေါ်မြော်မြင်သူများ၊ သိပ္ပံပညာရှင်များနှင့် ဘာသာရပ်ကျွမ်းကျင်သူများ ဖြစ်ကြသည်။ အနည်းငယ်သော ထူးချွန်ထက်မြက်သည့် ပုဂ္ဂိုလ်သည် သိသာခြားနားသည် ပြောင်းလဲမှုတစ်ရပ်ကို ဖန်တီးနိုင်စွမ်းပါသည်။
လူတိုင်း အခမဲ့ သင်ယူလေ့လာနိုင်သည်။
ပညာရေးသည် လူ့အခွင့်အရေးတစ်ရပ် ဖြစ်သည်။ ကျွန်ုပ်တို့သည် လူတိုင်းအတွက် နေရာတိုင်းတွင် လေ့လာနိုင်သည့် ကမ္ဘာ့အဆင့်မီ အခမဲ့ ပညာရေးကို ယုံကြည်သောကြောင့် အကျိုးအမြတ် မရယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကြော်ငြာများ သို့မဟုတ် အသင်းဝင်ကြေးများအစား သင်ကဲ့သို့သော လူများထံမှ တစ်ဦးချင်း ကူညီထောက်ပံ့မှုဖြင့် ကျွန်ုပ်တို့ ပံ့ပိုးမှုရယူပါသည်။ ယနေ့ပင် ကျွန်ုပ်တို့နှင့် လက်တွဲလိုက်ပါ။